tag 6

Ten Things I Hate About Myself

တက်ဂ်များ အဖော်နဲ့အပေါင်းနဲ့များလာတတ်သလား မသိပါဘူး။ တနေ့ကပဲ ကာတွန်းကားနဲ့ ပတ်သက်တဲ့ တက်ဂ် ရေးပြီးတယ်။ ဒီနေ့ တစက်မှမငြိမ်တဲ့ ဟန်သစ်ငြိမ်က တက်ဂ်တယ်တဲ့ စီပုံးမှာလာအော်တာလေ ... အကြောင်းအရာကြည့်လိုက်တော့ တော်တော်စိတ်ညစ်သွား တယ်။ ဟိုတခါရေးရတဲ့ မသေခင် ၁၀ ရက်အလိုထက်တောင် ညစ်သေး ..။ ကြည့်ပါဦး ကိုယ့်ကိုယ်ကိုယ် မုန်းရခြင်းအကြောင်းရင်း ၁၀ ချက်တဲ့။ ကိုယ့်ကိုယ်ကိုယ် မုန်းတာတွေ ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် တချို့အချက်တွေက ပြန်တွေးဖို့ ... ချပြဖို့ တော်တော်ခက်တာ တွေ ... အင်း ဘာပဲဖြစ်ဖြစ် အမေးရှိပြီဆိုတော့ အဖြေ ရှိရတော့မပေါ့ ...။

၁။ လူလည်အရမ်းကျတတ်လို့
မှတ်ချက်။ ။ လည်ပေမယ့် ကတုံးပေါ်တော့ ထိပ်မကွက်ပါ။ သူငယ်ချင်းအရင်းခေါက်ခေါက် တယောက်ကတော့ ကျမလူလည်ကျတာ တော်တော်သိတယ်။ နင်က တုံးချင်ယောင်ဆောင်နေတဲ့ လူလည်မတဲ့ ဟီးဟီး။

၂။ ဟန်ဆောင်ကောင်းလို့မုန်းတယ်။
လက်ထဲမှာ လကုန်ထိသုံးစရာ ကျပ် တထောင်တောင် မပြည့်တော့တဲ့ အနေအထား ...လကုန်ဖို့က ၁၀ ရက်လောက်လိုသေးတာကို လကုန်ထိသုံးဖို့ တသောင်းကျော်ပဲကျန်တော့လို့ လာညည်းတဲ့သူငယ်ချင်းကို သူညည်းသမျှ နားထောင်ပေးပြီး လက်ဖက်ရည်တောင် တိုက်လွှတ်လိုက်သေးတာ။ ဟဲဟဲ ချေးကြပါဦး။

၃။ တော်ရုံတန်ရုံလူကြီးတွေကို အပေါင်းအသင်းမလုပ်ချင်လို့။
အဆင့်အတန်း ခွဲခြားတယ် ဆိုပါတော့ :P (ကိုယ့်ထက်ငယ်တဲ့ ကလေးတွေကိုတော့ ဘယ်သူဖြစ်ဖြစ် ပေါင်းပါတယ်) အဲဒီတော့ ကျမပေါင်းတဲ့လူကြီးတွေက တော်တော် ခင်လို့လို့သာ မှတ်ပေတော့။ ပြီးတော့ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းပြီး အိုင်ကျူနိမ့်တယ်ထင်တဲ့သူတွေကိုလည်း ဟန်ဆောင်ပြီးတောင် စကား မပြောချင်ဘူး (အညင်ကတ်စရာကြီးနော်) အဲလို ခဏခဏ ဖြစ်တတ်လို့ ကိုယ့်ကိုယ်ကိုယ် မုန်းပါတယ်။

၎။ တွေဝေတတ်လို့။
လမ်း ၂ လမ်းတွေ့ပြီဆိုပါတော့ ... ဘယ်လမ်းကိုသွားမယ်ဆိုတာ နောက်ဆုံးအချိန် ရောက်တဲ့ထိ မဝေ ခွဲနိုင်ဘူး။ အချိန်စေ့တဲ့အခါ ကြုံရာတခုကို မှားမှားမှန်မှန် အမြန်ရွေးလိုက်ရရော။

၅။ အစကြမ်းလို့။
ခင်မိရင် အစသန်တယ်။ တဖက်လူက ကြိုက်လား မကြိုက်လားမသိ လွှတ်ကနဲ ပါးစပ်က စ မိပြီး ဘရိတ်အုပ်ဖို့ အမြဲနောက်ကျ။ ပြန်တောင်းပန်ရတာ အခါခါ။ ကိုယ့်ကိုယ်ကိုယ်သိတယ် သို့သော် ပြင်လို့မရ။

၆။ အပျင်းကြီးပြီး အလုပ်အကြွေးထားတတ်လို့
ပြင်ဖို့ကြိုးစားတာ ၁၀ တန်းမဖြေခင် ကတည်းကပဲ။ အင်းခုဆို အနှစ် ၂၀ ရှိပြီပေါ့လေ။ အသားက တော်တော်ကျနေပြီ။ ရတော့ဘူး :P လုပ်စရာရှိတာကို နောက်ဆုံးအချိန်ရောက်မှ အမြဲလုပ်လေ့ရှိတယ်။ အလုပ်ကိုရွှေ့တာပေါ့။ စာမူတောင်းရင် ဖောင်ပိတ်ခါနီး တနာရီလောက် အလိုကျမှ အသည်း အသန်ရေးပေးတာ။ မျက်နှာတော့အပျက်မခံဘူး။ သို့သော် တောင်းတဲ့သူက ၂ ယောက်လောက် တပြိုင်ထဲဖြစ်ရင် တေပြီ။ (အမေ့လေနဲ့ပြောရရင် နင်ကတော့လေ မိတူး ချေးယိုခါနီးမှ ချေးခံတွင်းပေါက်ရှာ သိလား)

၇။ အားနာပြီး ကတိပေးလွယ်တတ်လို့
အပေါ်မှာပြောသလိုပေါ့ ကိုယ့်ဝန်နဲ့အား မျှလား မမျှလားမသိ ... သူများက တခုခုလုပ်ခိုင်းရင် ရမယ် ဆိုတာချည်းပဲ (သဘောကောင်းတယ်လို့ကလည်း အထင်ခံချင်သေးတာ)။ ပြီးတော့ အလုပ်ကိုရွှေ့ ... အချိန်ကပ်မှလုပ်ပေး ... မအိပ်မစားတွေဖြစ်။ ပင်ပမ်း။ အဲဒီအချိန်ဆို သိပ်မုန်းတာပဲ ကိုယ့်ကိုယ်ကိုယ်။ သို့သော် အားနာတော့လည်း လုပ်ပေးမယ်ဆိုတဲ့ကတိက အမြဲပေးမိပြန်ရော။ ဒါနဲ့ပဲ သံသရာကလည်နေတာ။

၈။ မကြည်ရင်မကြည်သလို ပြဿနာလုပ်တတ်လို့
အားနာတတ်ပေမယ့် မကြည်ရင်တော့ ကပ်ဖဲ့ပြီး ဂျစ်နေတတ်လို့ .. ခင်တဲ့သယ်ယင်းတွေဆို စိတ်ညစ်တယ်။ ဥပမာ - ကျမ မနေချင်တဲ့ နေရာတခုမှာ တယောက်ယောက်က ပေရှည်နေလို့ နေရပြီဆိုရင် အားမနာတမ်း ဂျီကျတာ။ ရစ်တာပေါ့လေ။ တချို့ဆို နင်က သဘောကောင်း သလိုလိုနဲ့ အကြောင်းသိမှ တော်တော် ပြဿနာရှာတာပါလားလို့ အမြဲပြောတယ်။ ဘယ်လောက် ရစ်လဲဆိုတာကတော့ သူများငိုချင်လာအောင်ကို ရစ်တာပါ (ဒါကလည်း ခင်မှပါ ဟီဟိ)

၉။ မျက်ရည်လွယ်တတ်လို့
လူများရှေ့မှာ မျက်ရည်ကျရမှာ ရှက်သလောက် လွယ်လိုက်တဲ့မျက်ရည်ဆိုတာ။ ထစ်ခနဲရှိ ကျပြီ ... ။ မုန်းတယ်။

၁၀။ နှာခေါင်းပွလို့
မရှိတော့ဘူး ဟန်သစ်မငြိမ်ရဲ့။ ဘာဆက်ပြောရမှန်းမသိတော့လို့ ကိုယ့်နှာခေါင်းပဲ ကိုယ် ရမယ် ရှာလိုက်ရတော့တယ်။ တကတည်း .. ကျုပ်အကြောင်းတော့ လူသိကုန်ပါပြီ။ ကဲ ဆက်တက်ဂ်မယ် ... မရဘူး ဒီတခါတော့ အလွမ်းဓာတ်ခံလေးတွေ ရှိမယ်ထင်ရတဲ့ အစ်ကိုကြီး အစ်မကြီးတွေ မောင် ညီမလေးတွေကို တက်ဂ်ပစ်မယ် လာထား ၁။ အစ်ကိုကြီးအောင်သာငယ် ၂။ အစ်မခင်မင်းဇော် ၃။ အစ်မမေငြိမ်း ၄။ ကိုဇာနည် ၅။ မောင်လေးကောင်းကင်ကို ၆။ ညီမလေးပန်ဒိုရာ .၇။ မောင်လေး ဖြိုး.. ဒန်တန့်ဒန် .. အားတာနဲ့ ရေးပေးပါဗျို့။

7 comments:

pandora said...

ဒီလောက်နဲ့ ဘယ်မုန်းဦးမလဲ။ ၁၀ ချက် နည်းသေးတယ်။ :P


တက်ဂ် ထားတယ်ဆိုတော့ ရေးရတော့မှာပေါ့။ ရေးဖူးသလိုလိုပါပဲ၊ ဖိုင်တွေပြန်လှန်လိုက်ဦးမယ်။

Han Thit Nyeim said...

ကျေးးးးးးးးးးးး ဇူးးးးးးးးးးးးးးးးးးးး တင်ပါတယ်ဗျို့...။ နောက်တစ်ခါကျမှ Ten things to suicide myself ကို Tag ဦးမယ်...။ ဟီ ဟိ... :)

NangNyi said...

အမုန်းခွန်အား.. ဟား ဟား ဟား .. ပေး ..ဟေး ဟေး... သနားပါ.. ဟာ ဟာ..
:P

Kaung Kin Ko said...

တစ်ချို့ ဟာတွေ တူနေပါလား။
ဟုတ်ပ။ အလွမ်းဓာတ်ခံရှိမှန်း ခုမှ ကိုယ့်ကိုယ်ကို သတိထားမိတယ်။
တက်ဂ်ထားတာ ရေးနေပြီနော် အစ်မ။ ပြီးတော့မယ်။

:P said...

အိုင်ကျူနိမ့်တယ်ထင်တဲ့လူကို ပေါင်းဘူးတဲ့........၀ါး.....
တို့များဘ၀က နုံချာတာမို့ မတူးပေတံလေးကို နည်းနည်းလျှော့ပေးပါလား.....ငှင်....

ဖိုးဂျယ် said...

ဟေး ဒါဆို တားတားတို.က အိုင်ကြူမြင့်တာပေါ့
အားနာတတ်တယ်ဆို.တော့
ဇွတ်ခိုင်းမယ် ဇွတ်ပူစာမယ်ကွ ဟေး

တက်လူငယ် said...

ဒီမှာလည်းတဂ် ..ဟိုမှာလည်းတဂ်..တဂ်တွေ အခုတလော မုန်းခြင်း(၁ဝ)ချက် တော်တော်ပျံ့နေပါလားဗျ။