တနှစ်သားလေး
ဒီနေ့ ကျမရဲ့ ဘလော့ကလေး စဖြစ်တာ တနှစ်ပြည့်ပြီ ..။ ဘလော့သက် တနှစ်ပြည့်ဆိုတော့ ထုံးစံအတိုင်း တနှစ်ပြည့် အထိမ်းအမှတ်လုပ်ရတော့မှာပေါ့။ ကျေးဇူးတင်စကားတွေလည်း ပြောဦးမှဖြစ်မယ်။ ကျမ ကတော့ ဒီဘလော့လေးကို သိပ်ကို သံယောဇဉ်တွယ်နေမိပြီ။ တနှစ်သားဘလော့လေး .. သူ့ရဲ့မွေးနေ့မှာ ကျမ ထူးထူး ခြားခြား ဘာလုပ်ရင်ကောင်းမလဲ ..။
ကျမရဲ့ မောင်ငယ် ဂျူလိုင်ဒရင်းမ် ကတော့ မကြာသေးခင်က တက်ဂ်ထားတယ် ရေးပေးလို့ ဂျီလာကျတယ်။ ကျမက ဘာမှန်းမသိသေးဘဲ ပျင်းတယ်ဟာ ရေးချင်ဘူးလို့ ပြန်ဂျစ်လိုက်တယ်။ သူက ဒါက ဘာမှသိပ် အများကြီး ရေးစရာမလိုပါဘူး .. ကြည့်ကြည့်ပါဦးတဲ့။ သူ့ဘလော့လေး သွားဝင်ကြည့်လိုက်တော့ ဟုတ်သား .. ။ ရေးခဲ့ဖူးသမျှ လေးတွေထဲက ပြန်တူးဖော်ပြဖို့ပဲတဲ့။ အဲဒါနဲ့ပဲ ကျမလည်း ကျမဘလော့လေးကို ဟိုးအစကနေ ပြန်လှန်ပြီး ငါဘာတွေ တင်ခဲ့တာပါလိမ့်ဆိုတဲ့စိတ်နဲ့ တခုချင်း ပြန်ကြည့်ဖြစ်တယ်။ ဟုတ်တော့ ဟုတ်တယ်။ နောက်ပိုင်းမှာ မိတ်ဆွေတွေ တိုးလာလို့ ကြည့်သူကော ကွန်မန့်ပေးသူပါ တိုးခဲ့ပေမယ့် .. ဟိုးရှေ့ပိုင်းက ဝတ္ထုတို လေးတွေ စာလေးတွေမှာ ဖတ်သူကော မန့်သူပါ မရှိသလောက်ပဲကိုး …။ အဲဒါလေးတွေ ပြန်ဖော်ပြဖို့ ကျမ စဉ်းစား မိပါတယ်။ ဒီတော့ ဘလော့သက်လေး တနှစ်ပြည့်တဲ့နေ့မှာ ကျမရဲ့ အရင်တုန်းက ပို့စ်ဟောင်းလေးတွေကို ကောင်းနိုးရာရာ ပြန် ဖော်ပြပါမယ်။
မဖော်ပြခင်မှာ .. အရင်ဆုံး ကျေးဇူးတင်ရမယ့်သူတွေ ရှိပါတယ်။
ဘလော့ဆိုတာ ဘာမှန်း တောင် မသိသေးခင် ဘလော့လေး လုပ်ဖြစ်ဖို့ တိုက်တွန်းခဲ့တဲ့ အစ်မ မေငြိမ်း ..၊ နည်းပညာနဲ့ ပတ်သက်လို့ ဘာမှ မသိတဲ့ ကျမကို ဝလုံးကစပြီး သင်ပေးရုံမက ဘလော့လေးပုံပေါ်အောင် ဖန်တီးပေးတဲ့ တူကြီး ထူးမြတ်၊ ကျမရဲ့ မလှမပ ဘလော့လေးကို ပြင်ပေးမယ်ဗျာ ဆိုပြီး ဘာမဆိုင်ညာမဆိုင် စိတ်ရှည်လက်ရှည် ဝင်ပြင်ပေးတဲ့ မောင်ငယ် ဖိုးတေ ..၊ ကျမဘလော့မှာ စီပုံးလေးရောက်လာအောင် ကူညီပေးတဲ့ ညီမလေး ဂျစ်၊ ကျမကို နှိပ်ကွပ်သလိုလို ကန့်လန့်တိုက်သလိုလိုနဲ့ အမြဲ အားပေးပြီး ကူညီ .. တခါတလေ ကျမ ပေါက်ပေါက်ရှာရှာ မေးသမျှ .. စိတ်ရှည်လက်ရှည်ဖြေပေးတဲ့ ဂဏန်းကောင်လေး ဂျူလိုင်၊ ထူးထူးခြားခြား ကျမရဲ့ လူသေးသေးလေးဖြစ်ချင်တယ် ဝတ္ထုတိုနဲ့ စိတ်ကူးယဉ်မြို့တော် ဆိုတဲ့ အက်ဆေးလေးကို သူ့ရဲ့ လန်ဒန်က မြန်မာစာ ကျောင်းသားတွေအတွက် သင်ရိုးသဘောမျိုး စာမေးပွဲမေးခွန်းလုပ်ပါရစေလို့ လာခွင့်တောင်းတဲ့ ညီမလေး သရဖီ နောက်ပြီး ကျမကို အမြဲအားပေးနေတဲ့ ဘလော့မိတ်ဆွေများ၊ ကွန်မန့်မပေးဘဲ တိတ်တိတ်လေး ဝင်ဖတ် သွားသူများ၊ ကျမရဲ့ ချစ်လှစွာသော ဇာတ်ကောင်များနဲ့ သူငယ်ချင်းများ ..၊ မပါမဖြစ်ကတော့ နာယကကြီး ဘာလုပ်လုပ် အားပေးနေတဲ့ ငပေါမောင်နှမများ အားလုံး အားလုံးနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး အထူး .. ရှယ် တင်ကြောင်း .. ဦးစွာပထမ ပြောပါရစေ .. ။ ပထမ ဆိုလို့ ဒုတိယတွေဘာတွေများလာမလားလို့ မထင်နဲ့နော် ဒါပဲ ပြီးပြီ .. :P
ဘလော့စစခြင်း လူမသိ သူမသိခင်မှာ တင်ဖြစ်တဲ့ ပို့စ်ကလေးတွေကို တချို့ ကျမဘာသာ တော်တော်ကြိုက်ခဲ့ တာပါ။ တချို့က မဂ္ဂဇင်းတွေမှာ ပါပြီးသားလေးတွေလေ .. ။ တပုဒ်ဆိုရင် ကျမဘာသာ စာပြန်ရိုက်ရမှာ ပျင်းတာနဲ့ပဲ ဒီတိုင်း သူများပို့ပေးတဲ့အတိုင်း ဓာတ်ပုံဖိုင်ကြီးနဲ့တင်ထားတော့ ဘယ်သူမှတောင် သေချာ ဖတ်ဖြစ် လိုက်ပုံမရဘူး။ သိပ်မှ မမြင်ရတာ .. ဝတ္ထုနာမည်ကလည်း ယောင်ဝါးဝါး အရိပ်တဲ့ .. ဒီတော့ ယောင်ဝါးဝါး အရိပ်ကို ထင်ထင်ရှားရှား မြင်ရအောင် ကျမ ပြန်ရိုက်ပြီး ပြန်တင်ပေးဖို့ ဆုံးဖြတ်ပါတယ်။ အဲ ရိုက်နေတယ် ဆိုရင်ပိုမှန်မယ်။ ဘယ်တော့ပြီးမလဲတော့မသိ။
ကဲ ကျမရဲ့ မျက်နှာငယ်ခဲ့တဲ့ ပို့စ်လေးတွေကို ဖော်ပြဦးမှ .. ။ ကွန်မန့်တခုပဲ ရခဲ့တဲ့ ပထမဆုံးသော ဝတ္ထုတို ၁။ ရယ်တတ်အောင်သင် .. ကျမရဲ့ ဘလော့ခေါင်းစဉ်လည်း ဖြစ်တယ်၊ ကျမအဖေအကြောင်းလည်း ဟုတ်တယ်။ နောက်တခုကတော့ ကွန်မန့် တခုမှ မရခဲ့တဲ့ ဝတ္ထုတို ၅။ မဆလာနံ့ သင်းသောညများ။ အဲသဟာကတော့ ကျမရဲ့ သယ်ယင်းတွေ ပါဝင်တဲ့ ဝတ္ထုလေးပါ။ နောက်တော့ ဖွတ်ဒင် လို့ အမည်ရတဲ့ ဝတ္ထုတို ၈ ပေါ့ သူလည်း ကွန်မန့် တခုပဲရတာ။ နောက်တခု ရှည်လျားပြီး ပြန်ညွှန်းချင်တာကတော့ စာအုပ်အညွှန်း ၁ ပါ .. ဒီစာအုပ်ကလေးအကြောင်း ဖတ်မိရင် ဘာကြောင့် ကျမ ဒီလိုဝတ္ထုတွေရေးလဲဆိုတာ ရေလည်မယ် ထင်ပါတယ်။
Thursday, April 16, 2009
|
Labels:
အထိမ်းအမှတ်
|
This entry was posted on Thursday, April 16, 2009
and is filed under
အထိမ်းအမှတ်
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
7 comments:
တစ်နှစ်ပြည့်ကနေ တစ်သက်လုံးပြည့်ပါစေ အစ်မဂျီးရေ... ပထမဆုံးလာမန့်သွားပြီ...
ဓာတ်ပုံဖိုင်ကြီးနဲ့ တင်ထားတော့ မဖတ်ဖြစ်တာ အသေအချာပဲ။ ပြန်ရိုက်တင်ဖို့တောင် အကြံပေးခဲ့သေးတယ်။ အခုထိ မတင်သေးတော့ အခုထိ မဖတ်ရဘူးပေါ့။
နှိပ်ကွပ်တာနဲ့ ကန့်လန့်တိုက်တာတင် မဟုတ်ဘူး မစားနိုင် မမျိုနိုင်လောက်အောင် ဂျပန်ထမင်းကို အတင်းနင်းစားခိုင်းခဲ့တာလည်း ပါသေးတယ်။
ဒါနဲ့... ကျွန်တော့်ကို နာရီဝက်လောက် မတ်တပ်ရပ်ခိုင်းပြီး အားမနာပါးမနာ စောင့်ခိုင်းပြီး ဖုန်းပြောခဲ့သူက ဘယ်သူလဲ။ ရှင်ဗျူးသာ နှိပ်ကွပ်ခဲ့တာကိုတော့ မပြောဘူးနော်။ အရမ်းတော်တယ်။ အဟက်..
တနှစ်ပြည့်က ဘာမှလည်း မကျွေးပါလား... ရေသောက်ပြီး ပြန်သွားတယ်-လို့ မပြောပါဘူး...
တနှစ်ပြည့်မှသည် နှစ်ပေါင်းအဆက်ဆက် ဆက်လက် ဘလော့နိုင်ပါစေ ငါ့ညီမရေ့...
နှစ်သစ်မှာလည်း အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ...
အမရေ အသစ်တင်တိုင်း လာဖတ်ပါတယ်။ တနှစ်မှ နှစ်ပေါင်းရာကျော်တိုင်ပါစေ...
ကဲ တစ်နှစ်ပြည့် အထိမ်းအမှတ် ဘာကျွေးမတုန်း :P'
တစ်နှစ်ပြည့်ဘာညာကျေးဇူးတင်ပါတယ်ဆိုပြီး နောက်ဆုံး သူ့ပို့စ်တွေပဲသူပြန်ကြေငြာသွားတယ်..
ဟဲဟဲ.. လည်တယ်ဗျာ..
မတူးတစ်နှစ်ပြည့်ပြီးဆိုတော့ ကျွန်တော့်ဘလော့လဲ ပြည့်လောက်ရောပေါ့.. ကိုယ်ဟာကိုယ်လဲ ဘယ်နေ့စလို့ ဘယ်နေ့တစ်နှစ်ပြည့်မှန်းမသိ..
ဘလော့ကသာ ကောင်မလေးဆို စိတ်ဆိုးလို့ ဆုံးမှာမဟုတ်တော့ဘူး.. ဟီးဟီး
အစ်မ...
စာရေးဆရာမ ဘလော့တွေမှာ ကောမန့်ပေးရမှာ အားနာသလိုလိုဖြစ်နေလို့ မပေးမိတာတွေရှိတယ်...။(ညီမအတွက်ပြောတာပါ။)
ကိုယ်က ဘာမဟုတ်၊ ညာမဟုတ်နဲ့ ကောမန့်ရေး၊ ဝင်ပါသလိုဖြစ်မလား စိုးမိတာပါ..။ ဥပမာ မနော်၊ မမေငြိမ်း၊ အစ်မ တူးတူးသာ တို့ပေါ့ ၊
မမချိုသင်းနဲ့ကျ စီဘောက်စ်မှာ ပြောဖြစ်တော့ရင်းနှီးပြီး ကောမန့်ရေးဖြစ်၊ စနောက် ဖြစ်တယ်လေ...။
Post a Comment