နေ့နဲ့ည ရေရင်လေ ၃၈ နှစ်

မွေးနေ့မှာ စာရေးချင်ပေမယ့် မရေးအားဘူးဆိုတာ ကြိုသိနေလို့ ကျမရဲ့ အလွန်တရာမှ .. အလွန် တရာ့တဆယ်မှ ချစ်လှစွာသော မောင်လေးညီမလေးများကိုယ်စား ညီမလေးညီနဲ့ မောင်လေး တွေ့ကရာရှစ်သောင်းအန်ဒီဒူးပတ်စ် ဖိုးအောင်တို့ကို ပို့စ် တပုဒ်စီရေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒင်းတို့ ၂ ကောင်က ရွှေဥာဏ်တော်စူးရောက်စွာ အပျင်း တစ်သမို့ ချက်တင်မှာ အပြန်အလှန်ပေါက်တက်ကရပြောပြီး ဒါပို့စ်ပါ ဆိုပြီး ပို့ပေးလေရဲ့.. ဒီတော့ ကျမကလည်း တင်ရပြီပေါ့လေ။ မွေးနေ့လက်ဆောင်ဆိုတော့လည်း မငြင်းကောင်းဘူးမဟုတ်လား။ ဖိုးအောင်က ပြောသေးတယ် စာမေးပွဲကြီးတန်းလန်းနဲ့ရေးရတာ ဒေါ်လာ ၅၀ တန်တယ်ဆိုပဲ။ တော်ကြာ ပိုက်ဆံပြန်တောင်း နေမှာစိုးလို့ အသာငြိမ်ပြီး ဒီပို့စ်လေးကိုပဲ ယူထားလိုက်ရပါတော့တယ်။ သူတို့ပို့စ်ထဲမှာ နားမလည်တာရှိနိုင်တာမို့ ခက်ဆစ်ဖွင့်ပေးလိုက်ပါတယ်။ ညီနဲ့ အောင်ဒီကန်ကိုကျေးဇူးတင်ပါတယ်။

andyကောင်: မတူးအတွက်ကဗျာလား.. မနက်ဖြန်ဟာ အခုတော့ ငါ့ခေါင်းထဲ mutliple choice တွေပဲရှိတယ်

nye: ဖျစ်ညှစ်ထုတ်လိုက်ပါ.. ချစ်မ အတွက်ပဲဟာ.. အင်တာဗျူးပုံစံရေးမယ်..မတုဆိုတာ

ကို ကိုအန်ဒီက ဘယ်လိုမြင်ပါသလဲပေါ့နော်

andyကောင်: မတုဆိုတာကို ဘယ်လိုမြင်သလဲဆိုရင်ပေါ့နော်.. မျက်စိနဲ့မြင်ပါတယ်.. ပေါတောတော အမကြီးတစ်ယောက်လို့မြင်ပါတယ်

nye: ဟောက်.. ပေါတာတော့ အတော်ပေါတာရှင့်.. မထင်ရအောင်ကိုပါပဲ

andyကောင်: ဟုတ်တယ်ခည ဒါကြောင့်

nye: နေဦးဟာ မကောင်းသေးဘူး.. ကဗျာ တစ်ပိုဒ်စီရေးမလား

andyကောင်: အင်.. ဒါဆို ဒီလိုလုပ် နင်ရေး.. ငါနှမ်းဖြူးမယ်.. ဟီဟိ

nye: အစပိုဒ် ငါစပေးမယ်.. ကဲ စပီ
(မတူးအတွက် မွေးနေ့လက်ဆောင်ကဗျာ.. ဘာမှ စဉ်းစားမရပါ.. )
ကဲ နင်ဆက်

andyကောင်: ဘာကဗျာလဲဟင်

nye: ဟင်

andyကောင်: ပြန်ခံလို့လဲမရဘူး.. စဉ်းစားနေရင်း ခဏခဏ.. ကော်နတ်ရှင်က ကျ

nye: ဒါဖြင့် နင်စ (ငါက ကဗျာမရေးတတ်ပါဘူးဆို)

andyကောင်: (ပြောပြန်ပြီ) မတူးမွေးနေ့ လက်ဆောင်ကဗျာ စဉ်းစားမရပါ.. စဉ်းစားနေရင် ခဏခဏ ကော်နတ်ရှင်က ကျ။

nye: ကလေးကဗျာကြီး

andyကောင်: အေးလေ.. နင်အုပ်လိုက်တာ အဲ့လိုပုံကြီးဖြစ်နေလို့

nye: LP လေး ဘာလေးလာစမ်းပါ.. ငါက အယ်လ်ပီရေးထားတာ
ပြန်စမယ်.. (မွေးနေ့လက်ဆောင် ကဗျာတဲ့.. ဘယ်က စရမလဲ... စကားလုံးတွေလည်းခမ်း.. အတွေးတွေလည်းပျောက်.. အောင်ဒီကန်ရေ ကူဦး)
ဟဟ ဘာကြီးမှန်းလည်းသိဘူး

andyကောင်: :( .. ရှေးလေးချိုးတွေပဲ ရေးရင်ကောင်းမလား

nye: နင် စလိုက်ပါဆို

andyကောင်: စမယ်.. လဲ့လဲ့ကြီးညို.. အာ.. ဒါက မြ၀တီမင်းကြီး ဖြစ်သွားပြိ.. အဟမ်း
(အပေါ်ကနေရင်ကစပြီး မှတ်ထားလိုက်) (conversation အနေနဲ့ထည့်လိုက်မယ်)
မွေးနေ့မင်္ဂလာ ဘလာဘလာရေးရရင်ဖြင့်.. ကဗျာလင်္ကာဆိုတာကလည်း စုပ်ကာမြုပ်ကာမြောက်နေသမို့.. မြင်နေရတာက အေဘီစီ ရှုပ်ထွေးပွေလီ။
(ဟေ့)

nye: ဟေ

andyကောင်: မြင်နေရတာက အေဘီစီ (အမယ်မင်း မယ်ညီရဲ့)ရှုပ်ထွေးပွေလီ။
အာ နင်ဝင် မဟေနဲ့လေ ငါက ကဗျာစပ်နေတာ.. ခုမှ ဆက်ရမှာ.. ရှေ့ဆက်လေ

nye: ခေါင်းခြောက်ခံ စဉ်းစားသော်ညား အတွေးကမမှီ

andyကောင်: အာဝိ.. အတွေးမမီလို့မရဘူး.. ကိုယ့်အမကြီးမွေးနေ့,, ဖြစ်ညစ်မှီရမယ်.. မှီကိုမှီမှရမယ်

nye: ဘာတုန်း ငါနင့်အပိုဒ်ကို ဆက်နေတာလေ မွေးနေ့မင်္ဂလာ ဘလာဘလာရေးရရင်ဖြင့် ရှုပ်ထွေးပွေလီ
ခေါင်းခြောက်ခံ စဉ်းစားသော်ညား အတွေးကမမှီ.. မြင်နေရတာက အေဘီစီ
(အမယ်မင်း မယ်ညီရဲ့)ရှုပ်ထွေးပွေလီ။ အဲလိုလား

andyကောင်: အဲလိုပဲထားပါတော့... ဒါနဲ့ ပုလွေတစ်ရာကြီးကောဟင်

nye: ဘာ ဘာတွေလဲ

andyကောင်: ပုလွေတစ်ရာလေ မတူးပို့တဲ့ ပလွေတစ်ရာ.. ပလွေတရာ တညင်မှာဝိုက်ပါလို့.. အစဉ်သာ ကြိုက်ချင်နေတာမို့.. အဲဒီပုလွေတရာကိုပြောတာ

nye: အဲ့ဒါဘာဖြစ်

andyကောင်: ထည့်စပ်မလားမေးတာဟေ.. အာဝိ ဒုတ်ခွပဲ

nye: ဟီး.. နေဦးဟာ.. ငါမသိတော့ဘူး

andyကောင်: အေး.. ငါရောပဲ..

nye: အေ.. ဒီလိုလုပ်လေ.. အလွယ်ဆုံးကဗျာ ရွတ်ပေးလိုက်ကြမလား

andyကောင်: ဘာလဲ

nye: ဟက်ပီဘသ်ဒေး တူးယူ ..
andyကောင်: ဟက်ပီဘသ်ဒေး တူးယူ..
သံပြိုင်: ဟက်ပီဘသ်ဒေး ဒီးယား“မတူး”.. ဟက်ပီဘသ်ဒေး တူးယူ

nye: အေးကို .. ပီးနေတာပဲကို..

andyကောင်: ဘသ်ဒေးကိတ်လေးဘာလေး.. ဝယ်ပေးလိုက်ရအောင်လား.. နင့် ပိုက်ဆံဘလောက်ရှိလဲ ထုတ်..

nye: အကုန်တော့မရဘူး အိမ်ပြန်ကားခ ၂၀၀ ချန်ပြီးထုတ်ရမယ်ဆိုရင်ဖြင့် .. အင့် ၁၀၀

andyကောင်: ငါ့မလဲ ၁၀၀.. ဒလောက်နဲ့ ဘာကိတ်ရမတုန်း

nye: ဟို ဒင်း.. ပူတင်းကိတ်လောက်တော့ ဖြစ်မယ်ထင်တယ်..

(မတူးရေ ဤသို့ဤနှယ် စည်းလုံးညီညွတ်အပေးအယူမျှစွာ ကဗျာစပ်ပြီးသကာလ.. မတူးအတွက် မွေးနေ့ပူတင်းတစ်လုံးနှင့်အတူ သံပြိုင်ညီညာ မွေးနေ့ဆုတောင်းရွတ်ဆိုရင်း နိဂုံးချုပ်လိုက်ပါသည်)

မောင်ညီမလေး - အန်ဒီညီး)

ခက်ဆစ်အဓိပ္ပာယ် - ပုလွေတရာ = ဟန်ဒရက် ပိုက်ပါ ခေါ် စကော့ဝီစကီ (ထိုင်းတွင်အလွန်သောက်သောအရက်)

18 comments:

သံလွင် HeRo said...

TT-2
HAPPY BIRTHDAY

Andy said...

ဒေါ်လာငါးဆယ်တန် မွေးနေ့လက်ဆောင်ကြီးကွ ငွားငွားငွား

sait phay yar said...

ဟတ်ပီး ဘတ်ဒေးပါဗျိုး
ထိုင်းမှာအလွန်သောက်တဲ့ပုလွေလေးတိုက်ဦးနော်...

ခင်မင်းဇော် said...

ပျော်ရွှင်ဘွယ် မွေးနေ့နှစ်ပေါင်းတရာ့နှစ်ဆယ် ရှည်စေသော်ဝ်....(တူးချစ်သော မိသားစုနဲ့ အတူပေါ့)

NangNyi said...

အစပ်အဆက်မိလိုက်တဲ့ ကဗျာတွေ.. ခွိခွိ

မိုးခါး said...

Happy birthday 38 ပါ အစ်မရေ
ထာဝရ ပျော်ရွှင်ပါစေး)

ဗီလိန် said...

အဟား ဒီနှစ်ကောင်လုပ်လိုက်မှဖြင့်.... ဟတ်ဟတ် ဘတ်ဘတ် နော် မတူး.....။ :)

မဆုမွန် said...

HAPPY BIRTHDAY AMA TUTU

chanye` said...

ပျော်ရွှင်ပါစေ မမတူး :)

pandora said...

ပျော်ရွှင်အေးချမ်းစွာ၊ အခုလိုပဲ နုပျိုလှပစွာ ဘ၀ကို ဆက်လက် ဖြတ်သန်းနိုင်ပါစေ။ မွေးနေ့ပေါင်း တစ်ရာနှစ်ဆယ့်တစ်နှစ် ရှည်ပါစေ။ (တစ်နှစ် အဆစ်ပေးလိုက်တယ်။)

JulyDream said...

မတူးတူးသာရေ... မွေးနေ့အမှတ်တရလေး ဆုတောင်းပေးလိုက်ပါတယ်။

အေးအတူ ပူအမျှ... မိသားစုဘ၀လေးမှာ ပျော်ရွှင်ကြည်နူး ပေါတောတော နေနိုင်ပါစေဗျာ။

tz said...

Happy birthday, ama!
May all your wishes come true!

Anonymous said...

မှင်တွေစွန်းတဲ.လက်နဲ. ၈စ်တာဘဲ တီးတီး
အသားမာတက်တဲ.လက်နဲ. ကလောင်ဘဲကိုင်ကိုင်
ဘ၀ရဲ. ပျော်ရွင်မှု ပြည်.စုံမှုများစွာနှင်.အတူ
ယနေ. ၂၈ ရက်- ၈၂ နှစ်မွေးနေ.မှသည်
နှစ်ပေါင်း ၈၂၀ တိုင် တည်စေသော်.....
မမ

Han Thit Nyeim said...

hApPy BiRtHdAy!!!

Anonymous said...

ဂစ်တာတီးသောလက်ဖြင့် ကမ္ဘာကိုအုပ်စိုးလတ္တံ့ ... ဟီးဟီး ။
ကလောင်တံကိုဆွဲ၍ အဆီအငေါ်မတည့်သောအရာများကို ဆက်လက်၍ ကလော်တုတ်နိုင်ပါစေ ....း)

AMK said...

အစ်မ ရဲ့ စာတွေ အမြဲလာဖတ်ဖြစ်ပါတယ် ပျော်ရွင်သောမွေးနေ့  နောင် နှစ် ၁၂၀ တိုင် ဆင်နွဲ နိုင်ပါစေ အစ်မရေ။

Best wishes,
shwedarling team
www.shwedarling.com/blog

Unknown said...

မတူးရေ ပျော်ရွှင်သောမွေးနေ့မှသည်

ဂီတာတစ်လုံးဖက်ကာ ...
ရီစရာသီကုံးလျှက်သာ ...
အခါမညောင်းပဲ စာကောင်းရေးနိုင်ပါစေလို့ .. ဆုတောင်းလျှက် . . ။
(ဘာမှတော့မဆိုင်ဘူးနဲ့တူတယ်နော် .. ဟီး)
ပေါညီ

ကိုလူထွေး said...

ကိုဂျူလိုင်က မွေးနေ့ရှိတယ်ဆိုလို့ အရောက်လာခဲ့ပါတယ်.....

HAPPY BIRTHDAY AND BEST WISHES

းဝ)