နန်းညီရဲ့ ငတက်

ခုတလောတဲ့ .. ညီ က တက်ဂ်တယ် .. ရေးရတာပေါ့လေ .. ခုတလောမှာ ..

၁။ တွေးနေမိတာ .. ပဲပင်ပေါက် နုတ်စ် တွေ

၂။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ချင်မိတာ .. တော်တော်ပေါတာပဲ (ဒါပေမယ့် ဆင်ချင်မယ်များမှတ်လို့လား ဝေးသေး)

၃။ ကျန်းမာရေး .. အင်း အသက်က ရလာပြီဆိုတော့လည်း အကောင်းကြီးတော့ ဘယ်ဟုတ်ပါ့မလဲ

၎။ ဖတ်ဖြစ်တဲ့စာအုပ် .. အိပ်ခါနီးမှာ မြသန်းတင့်ရဲ့ ဘဝတက္ကသိုလ်၊ ရုံးမှာ ဘလော့ဝတ္ထုတွေ၊ ကျောပိုးအိတ်ထဲမှာ အမြဲပါပြီး ကြုံရာနေရာမှာ အားတိုင်းဖတ်တာ တထောင့်တည ပုံပြင်များ။

၅။ ရောက်ဖြစ်နေတာက .. ချင်းမိုင်လန်းက ကြွက်တွင်းတို့ ဆုံဆည်းရာ

၆။ ရေးဖြစ်နေတာက .. “မယူလိုက်က မိုက်လို့ထင်၊ ယူလိုက်ပြန်က ကြိုက်လို့ထင်” အမည်ရ အခန်းဆက် ဝတ္ထုရှည် ဇာတ်သိမ်းပိုင်း (Death line ရောက်ပြီလို့ လာအော်တဲ့ အယ်ဒီတာ ညီမလေးတယောက်ကြောင့် မဖြစ်မနေရေးနေရ၊ တကယ်က ရေးရမှာပျင်းနေ)

၇။ နားထောင်ဖြစ်နေတာ .. ဖုန်းဆက်တုန်းက ဖမ်းထားတဲ့ သားငယ်ဖူးဖူးလေးရဲ့ သီချင်းသံ

၈။ ရွတ်မိနေတာ ... ငါ ဘာလုပ်မလို့ပါလိမ့်

၉။ ဖြစ်ချင်နေတာ ... ပျင်းချင်တိုင်း ပျင်းခွင့်ရတဲ့ဘဝ

၁၀။ စားဖြစ်နေတတ်တာ .. နေကြာစေ့ (ဝန်ကြီးချုပ်ဆီက သွားသွားတောင်းစားတာ)

၁၁။ သနားနေမိတာ .. အမေ့ကို (ဘာလို့များ ဒီလောက်ဆိုးတဲ့သမီးကို မွေးရတာလဲ အမေရယ်၊ သနားလိုက်တာ)

၁၂။ လွမ်းနေမိတာက .. အမေ၊ သား ၂ ယောက်၊ ကိုနောင်ကြီး၊ ဦးပီ

၁၃။ မေ့လျော့ဖြစ်နေမိတာ .. ပေးစရာရှိတဲ့ အကြွေးတွေ (ကြွေးရှင်တွေများကြားရင်စိတ်နာမယ် ဟီဟိ)

၁၄။ ခါးသက်နေမိတာ ... အိမ်မပြန်ရသေးတဲ့ ကိုယ့်ဘဝ

၁၅။ တမ်းတနေမိတာ ... အင်းစိန်ဂျီတီအိုင်က သယ်ယင်းတွေနဲ့ သန်လျင်က ငယ်သယ်ယင်းတွေ

၁၆။ ကြိတ်ပြီးချီးကျူးနေမိတာ ... ငပေါဂေဟာက လူကြီးမြင်းတွေ

၁၇။ ကြိတ်ပြီး အထင်သေးနေမိတာ ... မပေါတတ်တဲ့သူတွေ (တော်တော်ညံ့တာပဲ)

၁၈။ ဆန္ဒရှိနေတဲ့ကိစ္စ ... အိမ်မပြန်ရအောင်လုပ်တဲ့သူကြီးတွေကို ဝါးလုံးချေးသုတ်ပြီး ရိုက်ချင်တယ်

၁၉။ မုန်းတီးနေမိတာက ... အဲဒီလူကြီးတွေကိုပေါ့

၂၀။ ချစ်နေတာက ... မနေ့တနေ့က လူကြုံနဲ့ ထပ်ရောက်လာတဲ့ စာအုပ်တွေ (ဝတ္ထုတိုပေါင်းချုပ်တွေမှ များကြီးပဲ ပျော်စရာကြီး)

၂၁။ စိတ်ပျက်နေမိတာ ... ကိုယ့်ရဲ့လက်တွေ (စိတ်သွားတိုင်း လက်က မသွားလို့ - ဂစ်တာတီးရင် ပြောပါတယ်)

၂၂။ စွဲလန်းနေမိတာ ... PAI တုန်းက တွေ့ခဲ့တဲ့ အိမ်လေးတလုံး .. (အိုင်ဗီတိုက်ကပ်ပန်းနွယ်တွေနဲ့ .. ခြံဝမှာ ကာတွန်းပုံ စာတိုက်ပုံး အပြာရောင်လေးနဲ့၊ အုတ်ကြွပ်မိုး အိမ်အဝါလေးပေါ့)

၂၃။ လိုအပ်နေတာက ... ဘတ် တသိန်းလောက် ချေးကြပါလားဟင် (သုံးဖြုန်းပစ်ချင်လို့ ဟီဟိ)

၂၄။ တောင်းမိတဲ့ဆု .. ဒါကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီတဆုပဲ တောင်းနေကျ .. ဘာမှမလုပ်ဘဲ အောင်မြင်ကြီးပွား ချမ်းသာရပါစေ။

၂၅။ ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက ... ထမင်းစားပြီးတမျိုးလို အိပ်ရာဝင်တိုင်းတမျိုးလို ဆေးလိပ်တို .. ဆေးလိပ်တို ..

၂၆။ ဝန်ခံချင်တာက ... တူးတူးသာဆိုတာ စိတ်ကောင်းရှိချင်ယောင် ဆောင်နေပေမယ့် တော်တော်လေး စိတ်ပုပ်တယ် ဆိုတဲ့အကြောင်းပါ ..။

ဒါပဲ ညီရေ ဆက်တက်ဂ်ချင်တော့ဘူး

8 comments:

NangNyi said...

ဖြေပေးတာ ကျေးဇူးတင်တယ် မမ.. မွမွ.. နောက်ဆုံးက ဝန်ခံချက်လေးကတော့ အဟိဟိ

juli said...

တော်ပါသေးရဲ့..ကြိတ်ပြီးအထင်သေးခံရတဲ့အထဲမှာ မပါဘူး..

Anonymous said...

ဟားဟား ခုထိဖတ်သမျှ တဂ်ပို့စ်တွေထဲတော့ အမပို့စ်က အမိုက်ဆုံးပဲ ဟိဟိဟိ

ATN said...

၁။ တွေးနေမိတာ .. ပဲပင်ပေါက် နုတ်စ် တွေ
၉။ ဖြစ်ချင်နေတာ ... ပျင်းချင်တိုင်း ပျင်းခွင့်ရတဲ့ဘဝ
၁၃။ မေ့လျော့ဖြစ်နေမိတာ .. ပေးစရာရှိတဲ့ အကြွေးတွေ (ကြွေးရှင်တွေများကြားရင်စိတ်နာမယ် ဟီဟိ)
၁၄။ ခါးသက်နေမိတာ ... အိမ်မပြန်ရသေးတဲ့ ကိုယ့်ဘဝ
၂၁။ စိတ်ပျက်နေမိတာ ... ကိုယ့်ရဲ့လက်တွေ (စိတ်သွားတိုင်း လက်က မသွားလို့ - ဂစ်တာတီးရင် ပြောပါတယ်)

တူတာတွေ စာရင်းကောက်သွားတယ်...း)

Andy said...

ဖြစ်ချင်နေတာ ... ပျင်းချင်တိုင်း ပျင်းခွင့်ရတဲ့ဘဝ
စိတ်ပျက်နေမိတာ ... ကိုယ့်ရဲ့လက်တွေ (စိတ်သွားတိုင်း လက်က မသွားလို့ - ဂစ်တာတီးရင် ပြောပါတယ်)

တူတယ်ဗျို့ အာာမာားဂျီး

နဒီမိုးညို said...

ဖြစ်ချင်တာက.ပျင်းချင်တိုင်းပျင်းခွင့်မရတဲ့ဘဝ..
လိုနေတာ..ဘတ်တစ်သိန်းတဲ့...
အဲဒါတူတယ်..မမ

sait phay yar said...

ဘတ်တစ်သိန်းနဲတယ်... ထပ်တောင်း... အ ရှ လောင်...... ရစေ...

တီချမ်း said...

bank account number
name
bank number