စိတ်ကူးတည့်ရာ ၃
ငပေါများဂေဟာအတွက် အတည်ပေါက်ပို့စ် ကျမရင်ထဲက လှိုက်လှိုက်လှဲလှဲ ရေးချင်မိတာနဲ့ ဒီပို့စ်လေးကိုရေးမိတာပါ။ အစကတော့ ဘာရယ်မဟုတ်ဘဲ အပျော်ပေါ့ ဆိုပြီး စခဲ့မိတဲ့ဇာတ်လမ်းလေးတခုပေါ့။ ပြောရရင် ဟိုး ကနဦးကို အစချီရမယ်ထင်ပါရဲ့။ ဘလော့ဂါထဲမှာ လုံးဝမသိဘဲ စခင်သွားတဲ့ .. ကျမက ဖိုးတေလို့ ခေါ်တဲ့ မောင်လေးတယောက်ရှိတယ်။ သူက ရော့ကာဆိုတော့ သူ့ဘလော့မှာ ရော့ခ် သီချင်းနဲ့ ပတ်သက်တာတွေ၊ တပ်ပ် တွေပဲရေးပါတယ်။ ကျမက ရော့ခ်သီချင်းတွေ စိတ်ဝင်စားတဲ့သူဖြစ်တော့ သီချင်းတွေ နောက်လိုက်ရင်း ဝါသနာတူ အဲဒီမောင်လေးနဲ့ ခင်သွားတာပါ။ နောက်တော့ မိဘဝေး၊ မောင်နှမဝေးနေသူချင်း တော်တော်လေး ရင်းနှီးသွားပါတယ်။ သူ့ကောင်မလေး အကြောင်းတွေကစလို့ ကျမနဲ့သူ ခေါင်းစဉ်ပေါင်းများစွာ ပြောဖြစ်ခဲ့တယ်။ နောက်တော့ သူကြည့်မရတဲ့ ကျမရဲ့ ဘလော့လေးကိုလည်း အချိန်ကုန်ခံပြီး ပြင်ပေးခဲ့ပါတယ်။ သူ့ဘလော့မှာ သီချင်းတွေကို ခံစားပြထားတာ ကျမက သဘောကျမိတော့ အဲဒါတွေက သူ့သူငယ်ချင်း တယောက် ရေးပေးတာလို့ ဆိုပါတယ်။ သူက မိတ် ဆက်ပေးတာနဲ့ အဲဒီသူ့သူငယ်ချင်းဆိုသူနဲ့ ခင်ခွင့်ရခဲ့တယ်။ အဲဒါကတော့ ခုချိန်မှာ ကျမနဲ့ တော်တော်လေး ရင်းနှီးပြီး ကျမကိုလည်း အစ်မကြီးတယောက်လို သဘောထားခင်မင်တဲ့ မောင်လေး အန်ဒီခေါ် ဖိုးအောင်ပါ။ ကျမက သူ့ဘလော့ကစာတွေကို သဘောကျမိတယ်။ ကွန်ပျူတာ တက္ကသိုလ်တက်တုန်းက ဖြစ်ခဲ့တာတွေကို ပေါ့ပေါ့ပါးပါးလေးတွေ ရေးပြထားတာ (ဖိုးတေစကားနဲ့ပြောရရင်) သူတို့ရဲ့အကြိုက် သွေတာဆော်ကြီး စတိုင်ပေါ့။ စာဖတ်တာချင်း၊ ရုပ်ရှင်ကြိုက်တာ၊ သီချင်းတွေ ကြိုက်တာချင်းတူတဲ့ အဲဒီဖိုးအောင်နဲ့ ကျမတို့ တကယ့်မောင်နှမရင်းတွေလို ခင်သွားကြပါတယ်။ နောက်တော့ ဖိုးအောင်ရဲ့ဘလော့မှာလာလာအော်တဲ့ သူတယောက်ကို စိတ်ဝင်စားမိရင်း သူ့ဘလော့ကို သွားလည်မိပြန်ရော။ ဖိုးအောင်ကို ပေါက်ကရတွေလာလာအော်နေတဲ့ နန်းညီ ဆိုတဲ့တယောက်ပေါ့။ အဲဒီဘလော့လေး ရောက်တော့ “မနန်းညီပါ ကိုနန်းညီမဟုတ်ပါဘူး .. ငွေမက်ပါတယ်” အစချီတဲ့ သူ့ အကြောင်း ရေးထားပုံလေးကို သဘောကျမိပြီး သူ့ဘလော့ကို မွှေနှောက်ကြည့်မိတော့ သူက ယဉ်ကျေးမှုတက္ကသိုလ်က ဆင်းတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီမှာ ကျမသူ့ကို ပိုစိတ်ဝင်စားသွားတယ်။ လတ်စသတ်တော့ သူက သူ့ရဲ့စီနီယာ ကျမမောင်တွေ အုပ်စုကို သိရုံမကဘူး .. သူ့အဖေက ကျမ မောင်တွေရဲ့ ပန်းချီဌာနမှူးဖြစ်နေခဲ့တာကိုး။ ဖိုးအောင်ရဲ့ မိတ်ဆက်ပေးမှုနဲ့ နန်းညီနဲ့ပါခင်သွားပြီး နောက်ပိုင်းမှာ ကျမတို့တွေ မောင်နှမတွေ ဖြစ်သမျှတွေ တိုင်ပင်ကြ၊ ဂျီတော့ချက်တင်မှာ အားရင်သီချင်းတွေဆိုကြ၊ ပေါက်ကရတွေ ပြောကြနဲ့ အလုပ်ပင်ပမ်းချိန်မှာ တော်တော်လေး စိတ်အမောပြေရပါတယ်။ နန်းညီကလည်း စာတော်တော်ဖတ်၊ ရုပ်ရှင်တော်တော်ကြည့်တဲ့ ကောင်မလေးဆိုတော့ ကျမနဲ့ တော်တော်လေး လေပေးဖြောင့်ပါတယ်။ ဖိုးအောင်နဲ့သူနဲ့က ခင်တာမကြာသေးပေမယ့် တကယ့်ငယ်သူငယ်ချင်းတွေလိုပဲ အပြင်မှာပါ ဆုံကြ၊ လက်ဘက်ရည်ဆိုင်ထိုင်ကြတယ်တဲ့။ တရက်မှာတော့ ကျမရုံးမှာ ပင်ပမ်းလွန်းလို့ ဘာမှမလုပ်ချင်ဘဲ ငုတ်တုတ်ခဏ ထိုင်နေမိတုန်း ဖိုးအောင် ရောက်ချလာပါတယ် (ဂျီတော့ကနေပြောပါတယ်)။ ထုံးစံအတိုင်း “ဂါးးးးးးးးးးးးးးးးး” လို့အော်ပြီး ဝင်လာတာ။ ပြီးတော့ ... “အစ်မ ကျနော်ရယ် ညီရယ် ရူးပေါဂိုဏ်းဖွဲ့ကြမလို့ ပါမလား” “ဟေ .. စိတ်ဝင်စားတယ်။ ဒါပေမယ့် ဥက္ကဌလုပ်ရမှပါမယ် ငှင်းငှင်း” “ဟာ အဲဒါတော့ မရတော့ဘူး၊ ဥက္ကဌရာထူးကို ကျနော်ယူလိုက်ပြီဗျ ငှဲငှဲ” “သြော် ဂလိုလား .. ဒါဆိုရင်တော့ နာယကလောက်ရလည်း ဖြစ်ပါတယ်” “အဲဒါတော့ရသဗျ” အဲလိုအပြန်အလှန်ပြောပြီးသည်အထိ ကျမစိတ်ထဲ ဘာမှမရှိဘူး။ သူတို့ ၂ ကောင်က ဂလိုပဲ ပေါတောတော လာလုပ်နေကျကိုး။ ဖိုးအောင်ငြိမ်နေပြီး ခဏနေတော့ ညီ (နန်းညီ) ရောက်ချလာပါလေရော။ သူ့ဘလော့ သွားဖတ်ချည်တဲ့။ အဲဒီမှာမှ ဟိုက်ရှားလပတ်ရည်လို့ အော်လိုက်မိလားမသိဘူး .. ဒင်းလေးက သူ့ဘလော့မှာ ရူးပေါဂိုဏ်း ဖွဲ့ပြီးတဲ့အကြောင်း အန်ဒီက ဥက္ကဌဖြစ်ပြီး မတူးတူးသာက နာယကဖြစ်ပါကြောင်း၊ သူကတော့ စည်းရုံးရေးအမှုဆောင် တာဝန်ကိုယူမှာဖြစ်တယ် ဆိုတဲ့အကြောင်း ရေးထားပါတယ်။ မကြာဘူး ခဏလည်း နေရော အဖွဲ့ဝင် ၂ ယောက်ထပ်တိုးပြီတဲ့ .. အဲဒါကတော့ အတွင်းရေးမှူး ၂ ရာထူးယူမယ့် ဗီလိန်ရယ်၊ သဘာပတိ ဂျဲဂျယ်ရယ် ဆိုပဲ။ ဝင်တော့လည်းဝင်ကြပေါ့။ အဲဒီအထိ ကျမခပ်ပေါ့ပေါ့ပဲ။ အေးအေးဆေးဆေးပဲပေါ့။ အဲဒီမှာ ဟို ၂ ကောင်ကလည်း ဂျီတော့ကို ဝင်လာကြပြီ။ စည်းကမ်းချက်တွေဘာတွေ ထုတ်နေပြီ .. စည်းကမ်းချက်ကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ ရူးပေါဂိုဏ်းဝင်ချင်ရင် ပေါရမယ် .. ပြီးတော့ ဘလော့တခုပိုင်ဆိုင်ရမယ်၊ ကိုယ့်ဘလော့မှာ အလျှင်းသင့်သလို ပေါတဲ့ပို့စ်တွေတင်ရမယ်တဲ့ .. အဲဒီထိလည်း ကျမက ဟုတ်ပြီ .. (ကိုယ်တင်ချင်မှဖြစ်တာကိုး ဟီးဟီး) ဒါပေမယ့် ကျမက ဗီလိန်တို့ ဂျဲဂျယ်တို့ တကယ်ပေါမပေါ စမ်းချင်သေးတော့ သူတို့ဘလော့တွေ သွားကြည့်မိ တယ်။ လားလား ပေါချက်ကတော့ ပြောမနေနဲ့ .. လေးစားလောက်အောင် ပေါပါပေတယ်..။ နောက်ပိုင်းမှာ အစ်မမရှိတဲ့ ဂျဲဂျယ်က ကျမကို တော်တော်ခင်သွားပြန်တာနဲ့ ကျမက ခင်မင်တဲ့ မောင်လေးတွေကို ခေါ်တဲ့ လေအတိုင်း သူ့ကို ဖိုးဂျယ်လို့ ခေါ်တယ်။ သူက အဲဒီလိုခေါ်တာကိုသဘောကျပြီး သူ့ဘလော့ကိုပါ ဖိုးဂျယ်ရဲ့ ဘလော့ လုပ်လိုက်တယ်။ အဲဒီမှာ ဖိုးဂျယ်နဲ့ ဗီလိန်တို့ တိုင်ပင်လိုက်ကြပြီး ရူးပေါဂိုဏ်းကြီးပိုင်ဆိုင်တဲ့ ဘလော့တခုလုပ်မယ် ဖြစ်ပါလေရော။ အဲဒါတော့ ကျမစဉ်းစားရပြီ .. ဟုတ်တယ်လေ ကိုယ်ပိုင်ဘလော့တောင် နပ်မှန်အောင် တင်ဖို့ ကြိုးစားနေရတဲ့ဟာ နောက်ထပ် ဘလော့တခုဆိုတော့ ဖြစ်ပါ့မလားပေါ့ ... ဒါပေမယ့် အဲ့ကောင်တွေက အရမ်းတက်ကြွနေကြပြီ။ ပန်းချီဆရာမ နန်းညီကလည်း ဘန်နာပြင်ဖို့ တကဲကဲလုပ်နေပြီ .. အများညီနေပြီဆိုတော့လည်း ကဲ ချကွာပေါ့ .. သို့သော် ငါမရေးနိုင်ရင် မပြောကြနဲ့နော်ဆိုတော့ ဒင်းတို့က အစ်မ ဘာမှမလုပ်ချင်လည်းနေ၊ ကျနော်တို့ လုပ်မယ် တဲ့။ အဲဒီတော့ ကျမက ကောင်းလှောင့်တေးပေါ့။ ဒီတိုင်း အလကားနေရင်း နာယကကြီးလုပ်ရမှာပဲဟာ ဟီး။ သို့သော် ကျမက အသက်ကကြီးပြီ။ ကလေးတွေနဲ့ အပြိုင်ပေါရမှာဆိုတော့ နည်းနည်းတော့ရှက်သလို ဖြစ်မိတယ်။ ဒါနဲ့ နာမည်အရင်းမသုံးနဲ့နော်လို့ ပြောရပြန်တယ်။ သူတို့ကအစတော့ လက်ခံကြပါတယ်။ နောက်တော့ မေ့မေ့ပြီးကျမနာမည်ကို နာယကဂျီး ဆိုတာနဲ့တွဲသုံးကြတာပါပဲ။ ကျမလည်းမပြောတော့ဘူး ဒီတိုင်းထား လိုက်တယ်။ ဘလော့ဖွင့်ဖွင့်ချင်းမှာ နာယကကြီးရဲ ဥယောဇဉ်ဆိုပြီး တပုဒ်ရေးပေးဖြစ်တယ်။ နောက် မရေးဖြစ်ပြန်ဘူး။ နောက်တော့ ကျမက ဖိုးအောင်ကိုပြောဖြစ်တယ် ရူးပေါဂိုဏ်းကို ငပေါဂေဟာလို့ ပြောင်းရအောင်လို့။ ဘာလို့လဲ ဆိုတော့ ဆရာမောင်ထွန်းသူက ဂျွန်စတိန်းဘတ်ရဲ့ ကင်နရီရိုးလ်ကို ငပေါများဂေဟာလို့ နာမည်ပေးထားတာ ကြိုက်လို့ပါ။ တကယ့်ဗယုတ်သုတ်ခတွေလေ ..။ ကျမ ဘာပြောပြော ထောက်ခံတဲ့ ဖိုးအောင်က အားလုံးကို အသိပေးပြီး ညီက ဘန်နာလေးကို ပြောင်းလိုက်ပါတယ်။ ဘလော့လုပ်ပြီးနောက်မှာ ထပ်ဝင်လာတာကတော့ အသင်းသားချုပ်ကြီး ခေါင်ခေါင်ပါ။ နောက်မကြာဘူး အသင်းဝင်တွေ များလာတော့တယ်။ အားလုံးက ဝန်ကြီးတွေချည်းပဲ .. မွေးမြူရေးဝန်ကြီး ဆုမွန်၊ ပညာရေးဝန်ကြီး မမေ၊ နိုင်ငံခြားရေးဝန်ကြီး ကဗျာမွှေ၊ ဆည်မြောင်းဝန်ကြီး သံလွင်ဟီးရိုး ... အားလုံးက လျှောက်လွှာနဲ့တကွ ပေါကြရပါတယ်။ ပေါနိုင်မှ ဝန်ကြီးဖြစ်မှာကိုး (ငပေါဝန်ကြီးတွေပြောပါတယ်) အဲဒီမှာ နောက်တော့ တဦးတည်းသော အသင်းသား ကေလာလည်း ဝင်လာတယ် (တော်သေးတယ် နို့မို့ဆို ဝန်ကြီးတွေချည်းပဲဆိုတော့ ပြောစရာဖြစ်နေမှာ သူ့ကြောင့် အသင်းသားတယောက်ရတာ) အားလုံး ပျော် ပျော်ပါးပါး အုတ်မြစ်ချ အဲ ပေါကြရင်း နိုဝင်ဘာလကုန်ပိုင်းမှာ စင်ကာပူကို ခဏသွားဖို့ဖြစ်လာတယ်။ အဲဒီမှာ ဖိုးဂျယ်၊ ဗီဗီနဲ့ ခေါင်တို့ကို ဆက်သွယ်တော့ သူတို့က အရမ်းဝမ်းသာကြတယ်။ စင်ကာပူရောက် ငပေါအဖွဲ့နဲ့ တွေ့ဖြစ်တော့မှ အားလုံးဟာ တော်တော့်ကို ချစ်စရာကောင်းပါလားလို့ သေချာ သိလိုက်ရပါတယ်။ တချို့က ချက်တင်မှာ ဘယ်လောက်ပဲ အဆင်ချောနေပေမယ့် အပြင်မှာ ဟုတ်ချင်မှဟုတ်တာလေ။ ဒါပေမယ့် ကျမတွေ့လိုက်ရတဲ့ ငပေါလေးတွေကတော့ အပြင်မှာ တကယ့်ကို ချစ်ဖို့ကောင်းနေပါတယ်။ ခေါင်ခေါင့်ကိုဆို ကျမ မြင်တာနဲ့ ညီမလေးတယောက်လိုကို ချစ်သွားတာ။ သူကလည်း ကျမကို အဲလိုပဲပြောပါတယ်။ စင်ကာပူက ပြန်လာတော့ “နာယကဂျီးရဲ့ စေ့စပ်ဖြန်ဖြေရေး ခရီးစဉ်အီလည်စွာပြီးစီး” ဆိုပြီး ပို့စ်တခု ရေးဖြစ်တယ်။ ဗီဗီနဲ့ ဖိုးဂျယ်တို့ ၂ ယောက်က ငပေါဂေဟာကို သူတို့ရဲ့ဂေဟာ အစစ်တွေထက် တကယ့်ကို သံယောဇဉ်ကြီးကြ သူတွေပါ။ ဖိုးဂျယ်ဆို အသင်းဝင်ချင်တဲ့သူရှိရင် ဒိုင်ခံ မေးလ်ပို့ ထောက်ခံချက်တောင်း၊ ကျမတို့က ထောက်ခံရင် (ကျမတို့ကလည်း ဘယ်တော့မှမကန့်ကွက်) ဝန်ကြီးရာထူးတခု စဉ်းစားပေး (ဟီဟိ) လျှောက်လွှာက ကောင်းနေရင် ပို့စ်အဖြစ်တင်။ ဒီကြားထဲ ကျမက ပတ်စ်ဝါ့လည်းသိရဲ့သားနဲ့ ကိုယ့်ဘာသာရေးတာ သူ့ကိုသွား တင်ခိုင်းသေးတာ။ အားလုံးက ဘယ်သူ့ဘယ်သူကိုမှ စိတ်မဆိုးဘဲ .. ပေါက်ကရပြောသမျှ သည်းခံကြတာ တွေ့ရတယ်။ ၂၀၀၈ အောက်တိုဘာ ၃၀ ကမှ စခဲ့ကြပေမယ့် ခုဆိုရင် ဝန်ကြီးပေါင်းများစွာနဲ့အတူ ငပေါဂေဟာမှာ အတူပေါကြသူ ၂၃ ယောက်ရှိနေပါပြီ။ ခပ်တည်တည်နဲ့ ဘလော့ အကယ်ဒမီရွေးပွဲမှာလည်း သူများတွေကို အကျောပေးပြီး ဝင်ပြိုင်ထားပြီ ဟဲဟဲ (ရမှာမဟုတ်ပေမယ့် အပျော်ဝင်ရှုပ်ကြတာပါ)။ ကျမတော့ အဲဒီဂေဟာလေးကို တော်တော်လေး သံယောဇဉ်ဖြစ်မိပြီ။ အစက ကလေးတွေကြား နာယကဂျီးလုပ်ရတာ တမျိုးဖြစ်ပြီး ခိုးကြောင်ခိုးဝှက်ပေါခဲ့ပေမယ့် ခုတော့ တရားဝင်ပဲ ပေါဖို့ ဆုံးဖြတ်လိုက်ပါပြီ ..။ ကျမထက်အသက်ကြီးတဲ့ မမေတောင် ပြင်ညာရေးဝန်ကြီးဆိုပြီး ဝင်ပေါသေးတာပဲ ..ဟီဟိ။ ပေါတယ်ဆိုတာ ရှားတာထက် စာရင်တော့ ကောင်းတယ်မဟုတ်လား။ အဓိကကတော့ အဲဒီဂေဟာလေးမှာ ကျမတို့ရဲ့ စိတ်ထွက်ပေါက်တွေ ပေးနိုင်တယ်။ တယောက်နဲ့တယောက် ရင်းနှီးချစ်ခင်ကြတယ် (ဘာပြောပြောစိတ်မဆိုးဘူး)။ အားလုံးဟာ ဂေဟာရဲ့ ဝန်ကြီးတွေ၊ လူကြီးတွေချည်းပဲ မို့လို့ ဂေဟာမှာတော့ ဘာလုပ်လုပ်တင့်တယ်တယ်။ ပြီးတော့ ကိုယ့်ဘာသာ ဆုတွေဘာတွေပေး ကိုယ့်ဘာသာ ယူချင်သလို ယူလို့လည်းရသေးတယ် (ဦးသူယူတာပဲ) စိတ်မဆိုးဘူး။ လုပ်ချင်တာတွေ လုပ်နိုင်နေတဲ့ ဒီနေရာလေးမှာ တယောက်နဲ့တယောက် စိတ်မကွက်စတမ်းပေါ့။ လူဆိုတာ တနည်းနည်းနဲ့ ရူးကြတာပဲ ဆိုတော့ ကျမတို့က လိုင်စင်ယူပြီး ရူးတယ်ဆိုရမှာပေါ့လေ။ တခုရှိတာက ဒီငပေါတွေအားလုံး ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ကိုယ့်ဘာသာပေါကြတာပါ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရင်း အချင်းချင်းလည်း စိတ်မကွက်စတမ်း ထောင်းကြတာပါ။ ငပေါဂေဟာလေးကို ဝင်မွှေကြည့်တော့မှ ၂ လတာအတွင်း ပို့စ်တွေ မနည်းပါလားဆိုတာ တွေ့လိုက်ရတယ်။ ကောင်းတာကော၊ သိပ်မကောင်းတာကော၊ အရမ်းကောင်းတာကော၊ အရမ်းအရမ်းကို ကောင်းတာလေးတွေကော၊ လုံးလုံး မကောင်းတာတွေကောပေါ့။ တချို့ဆို ကျမ သေချာ တောင်မဖတ်ဖြစ်ခဲ့ဘူး။ ခုပြန်ဖတ်တော့ တော်တော်လေးကောင်းနေတာ တွေ့ရတယ်။ ဒါပါပဲ တယောက်နဲ့တယောက် ချစ်ခင်ရင်းနှီးခွင့်ရတဲ့ ဒီဘလော့လေးအတွက် ကျမ ကျေနပ်တယ်။ ဖိုးအောင်က ကျမကို ခေတ်ဆွေး ငပေါကြီးဆိုပဲ။ သူ့စကားအတိုင်းဆို ခေတ်ဆွေးငပေါကြီး ကျေနပ်ပါတယ် ပေါ့လေ : မနေ့ညကတော့ နောက်ဆုံးမှဝင်လာတဲ့ ဆက်သွယ်ရေးဝန်ကြီး ညီမလေးက ပို့စ်တခုရေးချင်တယ် ကူညီပါလို့ ပြောလာတယ်။ သူက ကြိုးစားပမ်းစား ရေးထားတာလေ။ ကျမလည်း ဝမ်းသာအားရ ကူညီပေးမိတယ်။ သူ့ကို မမြင်ဖူးပါဘူး။ ဒါပေမယ့် သူ့ပုံစံက တကယ့်ကိုစိတ်ပါလက်ပါမို့ ကျမလည်း ညည့်နက်ပေမယ့် သေသေချာချာ ကူညီ ရေးပေးလိုက်တယ်။ ပြီးမှ ကျမစဉ်းစားမိတယ် .. ငါတကယ့်ကိုစိတ်ဝင်တစား ဖြစ်နေမိပါပေါ့လားလို့ .. ။ တကယ်ပါ အစက ဘာရယ် မဟုတ်ဘဲ ခပ်ပေါ့ပေါ့လေး အပျော်ပေါ့ဆိုပြီး စခဲ့မိလိုက်တာ .. ခုတော့ တော်တော်လေးကို သံယောဇဉ် တွယ်နေမိပြီ။ လေးဖြူဆိုတဲ့ သံယောဇဉ် ... သံယောဇဉ် ဆိုတာ ဂလိုလားမသိ .. :P |
Monday, January 05, 2009
|
Labels:
စိတ်ကူးတည့်ရာ
|
This entry was posted on Monday, January 05, 2009
and is filed under
စိတ်ကူးတည့်ရာ
.
You can follow any responses to this entry through
the RSS 2.0 feed.
You can leave a response,
or trackback from your own site.
Subscribe to:
Post Comments (Atom)
14 comments:
ဟွန့် .. တူဘာဒါ တူ . . ပေါဗီဇ ပါလာတာကိုးညား .. ဟိ ....
ဟင်... ဇင်ဇင် အသက်ကငယ်ငယ်လေးချိသေးတာနော်“
များကိုများ ဟွန်း
သူဟာသူပေါဗီဇနဲ့ပေါတာကိုနော် ပေါတာဘဲ ရှားတာမှ မဟုတ်တာ.. ကုန်ဈေးနှုန်းတက်နေချိန်လေး ဒီအပေါလေးလည်းရှိဦးမှလေ... ပေါသာပေါ ရှက်နဲ့..
ဒါဘဲ...
ပို့စ်လေးကိုသေသေချာချာလေးလေးနက်နက်ဖတ်သွား
ပါတယ်.ငပေါများဂေဟာရဲ့ရင်းနှီးမှုတွေနဲ့ လွတ်လပ်ပေါ့ပါးမှုတွေအများကြီး
ကိုလည်းမြင်လိုက်ရတယ်ဗျာ...
အားလုံးပျော်ရွှင်နိုင်ကြပါစေဗျာ...
ဟုတ်ပါ့၊ မှန်ပ့ါ ကောင်းပါ့ ခေတ်ဆွေးနာယကကြီးရေ
:P
ပျော်စရာပဲနော်။ အပျော်မီးတွေ လာကူးသွားတယ်။
ညီမလဲ ပေါချင်ဇောနဲ့ ကြီးတောင့်ကြီးမား ၀င်ပေါပေးတာ အစ်မရေ..ပျော်လို့ကို ၀င်ပေါတာ
အခုတလော အရူပ်တွေ လုပ်နေတာနဲ့ ဂေဟာဘက် မလှည့်အားဘူး ဖြစ်နေတယ် စိတ်ဆိုးနေကြပြီလား မသိ..မင်္ဂလာနှစ်သစ်ဖြစ်ပါစေ အစ်မနဲ့ အစ်ကို
အဟား ...ချစ်မ ပြောတာ အကုန်ထောက်ခံတယ်... အ..ဲယောင်သွားလို့.. ထောက်ခံတာအကျင့်ဖြစ်နေလို့....ဟီး
မှန်တယ်.. အကုန်မှန်တယ်.. ငပေါတွေ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြဒါ.. ဟိဟိ..
ဟားဟား ကိုယ့်ဘာတာကို ပေါတာကို သံယောဇင်လေးဘာလေးနဲ့
ခေတ်ဆွေးနာယက ရန်သူများဝိုင်းနေသော နာယက
ထောက်ခံပါ၏ ထောက်ခံပါ၏။
သံယောဇဉ်ရှိချက်ကတော့ မပြေချင်ပါဘူး။
မအားတောင် အသည်းအသန်အချိန်လု လုပ်နေမိတယ်။
ဘယ်သူမှ အတင်းရိုက် မခိုင်းပါဘူး။ သူ့ဖာသာ
လုပ်ချင်နေတာ ငပေါဂေဟာက မောင်နှမတွေကတော့
ပြောစရာမလိုလောက်အောင် ချစ်ကျတာနော်။
ကိုယ်တွေ့လေ ဟုတ်တယ်ဟုတ်။
ပေါလိုက်ကြစို့ ခေတ်ဆွေး နာယကဂျီးရေ
ပေါနိုင်ကြပါစေ..ဟေ...ဟေး...ဟေး... ပေါနိုင်ကြပါစေ။ :)
:D
တူးကို စ မြင်ဖူးတုန်းက အဲဒီလို ပေါ လိမ့်မယ် လို့ မထင်ရဘူးနော် အဟက်..ဟက်။
ပေါစ် မောင်နှမများကို သဘောတကျနဲ့ ဖတ်သွားတယ်။
ပုံ
အဝေးက ကြည်ညိုနေသူတဦး
အဖွဲ့ဝင်လုပ်ထားပေမယ့် လျှောက်လွှာမတင်နိုင်သေးဘူး ပေါဖို့ရာအတွက် :P
ကျနော်လည်းမနေ့ကမှ လိန်လိန် စွယ်လို့ဝင်လိုက်တာ စစချင်း ကြမ်းမာရေးဝန်ကြီးရတယ်ဗျ အဆင့်ကတော့မသေးဘူး ဒါနဲ့နေမကန်းဘူးဆို အကူညီလိုရင်ပြောနော်း)
Post a Comment