MERRY CHRISTMAS

တိတ်ဆိတ်ည
သန့်ရှင်းည
သူငယ်တော် အိပ်စဉ်ခါ
ကောင်းကင်မှာ ကြယ် လင်းရောင်ခြည်
သူငယ်တော် ပေါ်ထွန်းတောက်သည်
ကောင်းကင် ငြိမ်သက်ခြင်းသည်
သူငယ်ပေါ်မှာတည်၏။

တိတ်တဆိတ် လွမ်းရင်း အဲဒီသီချင်းလေးကို ညည်းနေမိတယ်။
သူငယ်တော်က ကောက်ရိုးတွေကြားမှာ၊ နွားစားခွက်ထဲမှာ၊ နွေးထွေးမှု သိပ်မရှိပါဘဲ အိပ်စက်လို့ ...။ ကောင်းကင်မှာ ကြယ်တစင်းလင်းလက် ... ပညာရှိတွေက အဲဒီကြယ်ကတဆင့် မင်းလောင်းကိုရှာ .. ဒဏ္ဍာရီပဲဖြစ်ဖြစ် တကယ်ပဲ ဆိုဆို ... သူကြွလာခြင်းက လူသားတွေအတွက်တဲ့ .. နွားစားခွက်ထဲက ခရစ္စမတ်မှသည် ဟိုတယ်ပေါ်က ခရစ္စမတ်ထိ အဓိပ္ပာယ်က ဒါပါပဲ ...။ ကျမကတော့ ကျမ ရေးခဲ့တဲ့ သီချင်းလေးတပုဒ်ကို ရွတ်နေမိတယ် ...။

ဘယ်သူတွေကို မစကြမယ် စာရင်းလုပ်ထားလိုက်ဦး
ညီညီညာညာ တေးဖွဲ့ကြဖို့ သီချင်းသစ်တို့ရှာဦး
မွေးဖွားတော့မယ့် ခရစ်တော်ရှင်အတွက် သီချင်းသစ်များနဲ့တို့ကြိုဆိုစို့
အတွေးဆိုးများ ဖယ်ထားလိုက်ကြဟေ့ ..

ကာရံညီကဗျာလေးများရွတ်ဆို လက်တွဲလို့သွားပါစို့
ဟိုမှာ ဟိုမှာ ချမ်းလွန်းလို့တဲ့ နွေးထွေးမှုများဝေဦး
ဆာငတ်မွတ်သိပ်လို့ သူတို့တွေနေစရာမရှိလို့အားနည်းစိတ်ငယ်သူကို
ဖေးမကြဖို့တို့တတွေသွားစို့

ကယ်တင်ရှင် ကြွလာတော့မယ် ဒီသတင်းကောင်း တို့ဝေမျှမယ်
ကယ်တင်ရှင် ကြွလာတော့မယ် ဒီသတင်းကောင်း တို့ဝေမျှမယ်
နှင်းများဖွေးဖွေးကျနေပါစေ ချမ်းအေးလွန်းလို့တုန်းခိုက်နေပါစေ လက်ခုပ်တီးလို့တို့တတွေသွားစို့
ကယ်တင်ရှင် ကြွလာတော့မယ် ....... ။ ။
(သီချင်းသံစဉ်ကိုတော့ ကြုံကြိုက်ရင် တင်ပေးပါ့မယ်)
ခရစ်စမတ်မှာ ပျော်ရွှင်ပါစေ
ချစ်ခင်စွာဖြင့်
တူးတူးသာ

8 comments:

Moe Cho Thinn said...

ညီမလေး တူး
စိတ်အေးချမ်း ပျော်ရွှင်တဲ့ ခရစ်စမတ်နဲ့ နှစ်သစ် မင်္ဂလာပါနော်။
မိသားစု အတူတကွ စိတ်ချမ်းသာ ပျော်ရွှင်စွာ အတူတကွ ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမလေးရေ..

ဖိုးဂျယ် said...

အမရေ ပျော်ရွှင်စရာ X'masလေးပါ။
ကောင်းချီးမင်္ဂလာတွေ ရောက်ရှိပါစေ။
စိတ်အေးချမ်းသာစွာနဲ့ ပျော်ရွှင်နိုင်ပါစေဒ
အမနဲ့ ထပ်တူ ပျော်ရွှင်သော မောင်ငယ် ဖိုးဂျယ်

မီယာ said...

ံHappy Christmas & Prosperous New Year!

pandora said...

ပျော်ရွှင်စရာ ခရစ္စမတ် ပိတ်ရက်လေး ဖြစ်ပါစေ.
နှစ်သစ်မှာ အေးချမ်းပျော်ရွှင်ပါစေ။

Andy said...

Marry Christmas and Happy New Year

Kaung Kin Ko said...

အစ်မက သီချင်းလည်း ရေးတာပဲ။ စွယ်စုံရ တို့ အစ်မကြီး။ ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ။

Kaung Kin Ko said...

ဒီနှစ်ကော သီချင်းတွေ လှည့်ဆိုဖြစ်သေးလား အစ်မ။ ကျွန်တော်တော့ ဒီနေ့  သူငယ်ချင်းကရင်တစ်ချို့ဖိတ်လို့ မုန့် ဟင်းခါးစားရင်း သီချင်းဆိုခဲ့တယ်ဗျ။

မီးတောင် said...

ခံစားသွား၏

ကောင်းကင် ငြိမ်သက်ခြင်းသည်
သူငယ်ပေါ်မှာတည်၏။

ဒီစာကြောင်းလေးဖတ်ရတာဘယ်လိုလေးလဲသိဘူး ။ တစ်မျိုးလေးပဲ ။။ မိုက်တယ်